Yummy (2019)

Download Yummy (2019), Watch Yummy (2019), don't forget to click on the like and share button. Series Yummy always updated at Channel Zone. Don't forget to watch other series updates.

ဇွန်ဘီကားစစ်စစ်ကို ဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ချင်ရင်တော့ IMDb rating 6.1 ရထားတဲ့ ဒီကားက
အသင့်တော်ဆုံးပါပဲ။ ပြင်းထန်တဲ့ပြကွက်တွေနဲ့ သွေးထွက်သံယိုတွေအများကြီးပါလို့ အသဲငယ်ရင်မကြည့်တာကောင်းပါတယ် :’Dအယ်လီဆန်ဟာ သူမရဲ့ ကြီးမားတဲ့ရင်သား‌တွေကြောင့် ယောက်ျားလေးတွေရဲ့ ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာစနောက်ခြင်းကိုခံနေရတာကြောင့် ရင်သားဆိုဒ်ကို သေးအောင်ခွဲစိတ်ဖို့အတွက် သူ့ရဲ့အမေ၊ ကောင်လေးဖြစ်သူတို့နဲ့အတူ ပလစ်စတစ်ဆာဂျရီဆေးရုံကို အတူလာခဲ့ကြပါတယ်။ ဆေးရုံအုပ် ဒေါက်တာခရောချက်ကတော့ “ကမ္ဘာကြီးကို ပိုမိုလှပအောင်လုပ်ဖို့” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသက်ကြီးတာကိုရပ်တန့်စေတဲ့ ကုသမှုကို စမ်းသပ်နေတဲ့ ခွဲစိတ်ဆရာဝန်‌တစ်ယောက်ပါ။ အယ်လီဆန်ရဲ့ကောင်လေးဖြစ်တဲ့ ပိုပီဟာ အယ်လီဆန်မခွဲစိတ်ခင်မှာ ဆေးရုံဝန်ထမ်းတချို့နဲ့ စကားများပြီး စိတ်ပြေလက်ပျောက် ဆေးရုံအခန်း‌တွေကိုလိုက်ကြည့်ရာကနေ တားမြစ်ထားတဲ့အခန်းတစ်ခုထဲ ရောက်သွားပါတယ်။အဲဒီ့အခန်းထဲမှာ ကြိုးတွေနဲ့တုပ်ပြီး ပါးစပ်အပိတ်ခံထားရတဲ့ ရုန်းကန်နေတဲ့မိန်းမတစ်ယောက်ကို သူတွေ့လိုက်ရတဲ့အချိန်မှာ ကူညီတဲ့အနေနဲ့ ပါးစပ်ပိတ်ထားတဲ့အစွပ်ကို ဖြုတ်ပေးလိုက်တဲ့အခါ ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေစတင်ကြုံရပါတော့တယ်။ အဲဒီ့အမျိုးသမီးကို ဆေးရုံရဲ့ကန့်သတ်ခန်းထဲမှာ ဘာကြောင့်ထည့်ပိတ်ထားရတာလဲ……….ဒီကိစ္စဟာ စမ်းသပ်မှုနဲ့ရော ဘယ်လိုတွေသက်ဆိုင်နေလဲ……….ဆေးရုံကလူတွေကရော ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာ ဒီ horror ကားမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး……..

Comment

Leave a Reply

Your email address will not be published. Required fields are marked *