ချော ဆိုတဲ့ အဓိပ္ပါယ်က သံချောင်းတဲ့ မျိုးရိုးက ဂန်ဆိုတော့ နာမည်က ဂန်ချော
မာသလားတော့ မမေးနဲ့ ရောဂါပေါင်းစုံရှိတဲ့အပြင် သူငယ်ပါပြန်ပြီး စိတ်ဖောက်နေတဲ့ အမေကို အလုပ်တစ်ဘက်နဲ့ လိုလေသေးမရှိ ပြုစုရရှာတာ
အမေက စိတ်မမှန်ရှာတော့ အမျိုးစုံ ဒုက္ခပေး
ဆီးချိုကြောင့် ကျောက်ကပ်အစားမထိုးရရင် သေသွားနိုင်တဲ့ အမေကို ကျောက်ကပ်ဝယ်ဖို့ရော ခွဲစိတ်ခပါ ရှာရတော့မယ့် ဂန်ချော
ဘူဆန်မှာ ငွေတိုးချေးစားနေတဲ့ ဂန်းစတားခေါင်းဆောင် ကင်ဆန်းဂွန်က လက်ရဲဇက်ရဲရှိတဲ့ ချောကို သူတို့အဖွဲ့ထဲ ဝင်ပြီး သူတို့ခိုင်းတာ လုပ်စေချင်ပေမယ့် ငြင်းဆိုခဲ့တဲ့ ဂန်ချော
သူ့အချစ်ဆုံး သူငယ်ချင်း ဂျောင်းဆုက ဂန်းစတားအဖွဲ့ဝင်ဖြစ်ပြီး ကင်ဆန်းဂွန်ရဲ့ ထောင်ချောက်ထဲ ဝင်သွားမိတဲ့အခါမှာတော့ အရှုပ်ထုပ်တွေဟာ ဂန်ချောဆီ ရောက်ရှိလာခဲ့ပြီးနောက်မှာ…
မင်းသား Yoo Ah-In မင်းသမီး Jung Yu-Mi နဲ့ မင်းသမီးကြီး Kim Hae-Sook တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ Action / Drama ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်
- Server Quality Links
-
wp720pDownload