DMb rating 6.5/10
Horror,Thriller
Jack Harms နဲ့ Amanda Harmsဆိုတဲ့ ဇနီးမောင်နှံနှစ်ဦးမှာ Sarah ဆိုတဲ့ သမီးလေးတစ်ယောက်ရှိတယ်။Sarah ဟာ နာမကျန်းရောဂါနဲ့ သေဆုံးသွားတဲ့အခါ Jack က ဇနီးသည်Amanda ရဲ့ စိတ်ဒဏ်ရာကို ကုစားနိုင်ဖို့ Amanda နဲ့အတူကျေးလက်နယ်မြေတစ်ခုဆီ အိမ်ပြောင်းရွှေ့ခဲ့တယ်။
ဇနီးသည်ရဲ့ စိတ်အခြေအနေကို Jack ထင်ထားသလိုကျေးလက်ရဲ့ ငြိမ်းအေးမှုနဲ့ ကုစားနိုင်ပါ့မလား။အတိတ်ရဲ့အရိပ်တွေက ထပ်ကြပ်မကွာ ခြောက်လှန့်နေတယ်။မည်းနက်ပြီး ဆေးကြောလို့မရတဲ့ အပြစ်တွေကခန္ဓာကိုယ်ထဲ ကိန်းအောင်းနေပြီး Silhouette ပုံရိပ်တစ်ခုလို…Silhouette ရုပ်ရှင်က သရုပ်ဆောင်မှုနဲ့ ရိုက်ချက်တွေကိုအဓိကဦးစားပေးရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။သရုပ်ဆောင်တစ်ဦးချင်းစီရဲ့ သရုပ်ဆောင်မှုကနေ ထင်ရှားထွက်နေတဲ့စိတ်ခံစားချက်တွေကို မြင်တွေ့ရမယ်။Amandaရဲ့ စိတ္တဇခြောက်ခြားမှုတွေကို မှောင်မည်းပြီးထိတ်လန့်စရာ အိပ်မက်တွေအဖြစ် ရိုက်ပြတဲ့ ရိုက်ချက်တွေကိုကြည့်ရင်Silhouetteဟာ Horror ရုပ်ရှင်ကောင်းတစ်ခုလို့ ပြောရပါမယ်။ဇာတ်ရှိန်မြင့်မြင့်နဲ့ သွားတဲ့ ဇာတ်လမ်းမဟုတ်ပေမယ့် တဖြည်းဖြည်းချင်းစိတ်ခြောက်ခြားမှုတွေကို ပေးတဲ့ အမျိုးအစားဖြစ်လို့ horror fan သာဆိုရင်Silhouette ကို နှစ်သက်မိမှာ အသေအချာပါပဲ။
- Server Quality Links
-
wp720pDownload