င်ဗျားတို့ဘဝမှာ လူနှစ်ယောက်ကို တစ်ပြိုင်ထဲချစ်ဖူးလားဗျ
တူညီတဲ့အချိန်မှာ နှစ်ယောက်လုံးကို တူညီတဲ့အချစ်နဲ့ ချစ်တာလေ
ဒီလိုအချစ်မျိုးနဲ့ ချစ်ဖူးတယ် ချစ်နေကြတဲ့သူတွေရှိမယ်ဆိုရင်တော့
ဒီဇာတ်ကားလေးကို ကြည့်ဖို့ ညွှန်းမယ်ဗျာ
ကြိုပြီးပြောချင်တာက ဒီခံစားချက်ကိုနားမလည်တဲ့ အထူးသဖြင့် မိန်းကလေးတွေကြည့်မယ်ဆိုရင်တော့ ဇာတ်ကားတစ်ဝက်နဲ့တင် မင်းသားကို သောက်မြင်ကပ်နိုင်တာမို့
ဒါလေးတော့ ကြိုသတိပေးပါတယ်ဗျာ
ဒီလိုကားမျိုးက အချစ်တွေဖြန့်ကျက်နိုင်စွမ်းရှိတဲ့ ကျွန်တော်တို့လိုလူတွေပဲ နားလည်နိုင်တယ်လို့ဆိုပေမယ့် သောက်မြင်ကပ်ကပ်နဲ့ကြည့်ရင်လည်း နောက်ဆုံးဘယ်သူ့ကိုရွေးမှာလဲဆိုတာအသည်းအသန်သိချင်နိုင်တာမို့ ကြည့်ကိုကြည့်ကြည့်ကြပါဗျာ xD
Krishna and his Leela ဆိုတဲ့ IMDb 7.6 ရထားတဲ့ အိန္ဒိယကားပါ
ကျွန်တော်ကြိုပြောထားတဲ့အတိုင်း Krishana ဆိုတဲ့ဘဲက ခြုံပြောရရင်အချစ်တွေ ဖြန့်ကျက်ထားတဲ့သူပေါ့ဗျာ
ဒါပေမယ့် တကယ်တမ်းကြည့်ရင်တော့ သူ့ဘက်ကခံစားချက်ကို နားလည်နိုင်လိမ့်မယ်
သူလည်း တစ်ခုခုကို ပြတ်ပြတ်သားသားရွေးမယ်လို့ ဆုံးဖြတ်ရင်း ဆုံးဖြတ်ရင်းနဲ့
ဒီလိုအဖြစ်မျိုးကိုရောက်သွားရတာပါ
Ex ပစ်သွားလို့ အသည်းတွေကွဲပြီး ပြဲကွဲနေတဲ့အချိန် ကောင်မလေးတစ်ယောက်ကိုချစ်မိသွားခဲ့တဲ့ကောင်လေးပေါ့
အားလုံးအထိုင်ကျသွားတဲ့အချိန်ကျတော့ Ex ပြန်ပေါ်လာတယ်ဗျာ
သူအားလုံးကို ပြတ်ပြတ်သားသားလုပ်ဖို့ ဘယ်လိုပဲလုပ်လုပ် အခြေအနေတွေက သူ့ဘက်မပါဘူး
ကိုယ်တိုင်ကလည်း နှစ်ယောက်လုံးကို အရမ်းချစ်တဲ့သူဆိုတော့ဘာဆက်လုပ်ရမယ်မှန်းလည်းမသိခဲ့ဘူး
ဒီကားလေးရဲ့ နောက်ဆုံး message လေးကတော့ အရမ်းကောင်းတယ်
မမျှော်လင့်ထားတဲ့ပုံစံလေးနဲ့အဆုံးသတ်သွားတာမို့ လူနှစ်ယောက်ကိုချစ်ဖူးတဲ့သူဖြစ်ဖြစ် ချစ်နေတဲ့သူဖြစ်ဖြစ် ဒီလိုခံစားချက်မျိုးကို လက်မခံနိုင်တဲ့သူဖြစ်ဖြစ် လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပါပဲဗျာ
- Server Quality Links
-
wp720pDownload