Synopsis
Babyteeth (2019)
ဒီဇာတ်လမ်းလေးရဲ့ ထူးခြားချက်ကတော့ ပုံမှန်မင်းသား၊မင်းသမီးအချစ်ဇာတ်လမ်းမျိုး မဟုတ်တာပါပဲ။
မီလာက နာတာရှည်ရောဂါတစ်ခု ခံစားနေရသူလေးပါ။ သူ့ရောဂါအခြေအနေက စိုးရိမ်ရတဲ့အတွက် သူ့မိဘတွေကလည်း အထူးဂရုစိုက်ကြတယ်။
တစ်နေ့ မီလာတစ်ယောက် မော့စ်ဆိုတဲ့ကောင်လေးကို တွေ့ခဲ့တယ်။ မော့စ်ကတော့ ဆေးသမားဖြစ်နေပြီး ကလေကချေပုံစံပေါက်နေသူပါ။
ဒါပေမယ့် မီလာက မော့စ်ကို သဘောကျသွားပါတယ်။ မော့စ်ကတော့ မီလာသောက်နေရတဲ့ဆေးတွေ၊ သူ့ပိုက်ဆံတွေကို လိုချင်ခဲ့ပါတယ်။ ဒီကိစ္စကိုသိသွားတဲ့ မီလာရဲ့မိဘတွေကတော့ အခက်တွေ့ခဲ့ရတယ်။
မော့စ်တစ်ယောက် မီလာကို တကယ်သဘောကျလာမလား?
မီလာရဲ့မိဘတွေနဲ့ရော အဆင်ပြေပါ့မလား?
မီလာရဲ့ရောဂါအခြေအနေက ဘာလဲ? ပိုဆိုးလာမလား? သက်သာလာမလား?
ဒီဇာတ်ကားထဲက သရုပ်ဆောင်ပီပြင်မှုတွေကို မြင်ရပြီး သူတို့နဲ့အတူ ဇာတ်လမ်းကို ခံစားရစေတဲ့ ဇာတ်ကားကောင်းတစ်ခုပါ။